How it was made

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပုံအကျဉ်း

  • ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးဌာနနှင့် ရန်ကုန်မြို့ တော် မြေပုံစီစဉ် ထုတ်ဝေရေးအဖွဲ့တို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး သက်ဆိုင် ရာ မြို့နယ်စည်ပင်ရုံးများဖြင့် ပူးပေါင်း၍ ရန်ကုန်မြေပုံစာအုပ် ၂၀၂၄ ကို စီစဉ်ရေးဆွဲခဲ့ကြရာ …

    အောက်ပါအတိုင်းအဆင့်ဆင့် ဆောင်ရွက်ခဲ့ကြပါသည်….
  •             DPS ၏ ၂၀ဝ၂ ခုနှစ် ကရေးဆွဲခဲ့သော ရန်ကုန်မြို့တော်မြို့နယ်များနှင့် အချက်အလက်များ စာအုပ်ကို အခြေခံ၍ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ မြို့ ပြစီမံကိန်းဌာန၏ တရားဝင် မြို့ နယ် နယ်နိမိတ်များကို Computer Shape file များဖြင့် ရယူကာ သက်ဆိုင်ရာမြို့နယ်အလိုက်စည်ပင် ရုံးများ မှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ ဆုံ၍ …
  • လက်ရှိမြို့နယ်၊ ရပ်ကွက်နယ်နိမိတ်များ မှန်ကန်မှု ရှိ/မရှိ
  • လမ်းမကြီးများ၊ လမ်းသွယ်များ၊ လမ်းအမည်များ မှန်ကန်မှု ရှိ/မရှိ
  • မြစ်၊ ချောင်း၊ အင်းအိုင်၊ ကန်၊ တူးမြောင်းများ၊ ရေထိန်းတံခါးများ ရှိ/မရှိ
  •            ရထားလမ်းများ၊ တံတားများ၊ ကုန်းကျော်တံတားများ ရှိ/မရှိ ကိုလူတွေ့ အသေးစိတ် ဆွေးနွေးတိုင်ပင်ပြီး ပြင်ဆင်ချက် များကို Online မြေပုံများ  (  Web Map, Mapbox, Google My Map, Arc GIS Online-Geographic Information System) တို့ဖြင့် မြေပုံပေါ် တွင် အမှန်ကန်ဆုံးဖြစ်အောင်ပြင်ဆင် ရေးဆွဲခဲ့ကြပါသည်။
  •            ဘဏ်များမှ ဘဏ်ခွဲစာရင်းများ၊ EV Charging Station များ၊ ဆေးဆိုင်များ၊ သက်ဆိုင်ရာလုပ်ငန်းများမှ ပေးပို့လာသော Point File, Google Map Pin, Latitude/ Longitude ပါသော ဘဏ်ခွဲစာရင်းပါသော တည်နေရာ အချက်အလက်များ စသဖြင့်တို့နှင့်…
  •            Myanmar Information Management Unit (MIMU) တို့မှ အခြေခံပညာရေး ကျောင်းများ၊ တက္ကသိုလ်များ၊ တို့ကိုထည့်သွင်းပေးထားပါသည်။
  •            ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ တာဝန်ရှိသူများထံပေးပို့လာသော ရပ်ကွက်တစ်ခုချင်းစီ၏ လူဦးရေ စာရင်းများကိုလည်း မြို့နယ်မြေပုံ များတွင် ဇယားနှင့်တကွ ထည့်သွင်းဖော်ပြ ပေးထားပါသည်။
  •            နောက်ဆုံးပြင်ဆင်ပြီး မြို့နယ်မြေပုံများကို သက်ဆိုင်ရာ မြို့တော်စည်ပင် မြို့နယ် အုပ်ချုပ် ရေး မှူးရုံး တာဝန်ရှိသူများ ထံသို့ Viber, E-Mail စသည်ဖြင့် Softcopy များပေးပို့ကာ အပြီးသတ် ပြင်ဆင် ရေးဆွဲခဲ့ကြ ပါသည်…

Viber Group များ၌ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်မှုမှတ်တမ်း
Viber Group များ၌ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ချိတ်ဆက်ဆောင်ရွက်မှုမှတ်တမ်း
Online Map များပေါ်သို့ upload တင်ကာ
တိုက်ရိုက်ပြင်စင်နိုင်စေရန် ဆောင်ရွက်ထားရှိမှု
GIS နည်းပညာဖြင့် Mapping များပြုစုဆောင်ရွက်နေမှု
Adobe illustrator ၌ Printing တွက် ပြင်စင်ဆောင်ရွက်နေမှု
Scroll to Top